ဓနုဖြူမြို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေး


ဓနုဖြူ  ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ရှိ ကုန်စုံဆိုင်များတွင် ကုန်ပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့၊ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဈေးကော်မတီတို့ ပူးပေါင်း၍ မြိုမဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေရ သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ နှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြခြင်းရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)