ဂွ နိုဝင်ဘာလ ၂၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နှင့် ကျိန္တလီမြို့တို့တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ပြည်သူအများ သိရှိစေရန် ရည်ရွယ်၍ ကြိုတင်အသိပေး ကြေညာထားကြောင်း သိရသည်။
လျှပ်စစ်ဓါတ်အား ပြတ်တောက်မည့်ကိစ္စနှင့် ပတ်သက်၍ ဂွမြို့နှင့် ကျိန္တလီမြို့တို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးထားသည့် ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ (ဂွ) ဓါတ်အားခွဲရုံမှ Main Transformer မှာ သတ်မှတ်ဝန်အားသို့ ပြည့်နေပြီ ဖြစ်ပါ၍ ဓါတ်အား လုံလောက်ပြည့်မီအောင် ဖြန့်ဖြူးနိုင်ရေးအတွက် Main Transformer (၅)အမ်ဗွီအေမှ (၁၀)အမ်ဗွီအေသို့ အစားထိုးလဲလှယ် တပ်ဆင်ခြင်း လုပ်ငန်းများ ပြုလုပ်မည် ဖြစ်သောကြောင့် နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ဂွမြို့နှင့် ကျိန္တလီမြို့တို့တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ကြိုတင်အသိပေး ကြေညာထားကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်