ပင်လောင်းမြို့နယ်တွင် မဲရုံများဆောင်ရွက်ထားရှိမည့် နေရာများနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ပင်လောင်း    ဩဂုတ်    ၂၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အဆင်ပြေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် မဲရုံများ ဆောင်ရွက်ထားရှိမည့် နေရာများ ကွင်းဆင်းကြည့်ရှုခြင်းနှင့် မဲဆန္ဒရှင်၏ အမည်စာရင်းများ တိုက်ဆိုင်စစ်ဆေးမှုကို  ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊  မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများက  မဲရုံများဆောင်ရွက်ထားရှိမည့် အရှေ့ရပ်ကွက်၊ ရင်းမှီးရပ်ကွက်၊ တောင်ထီဗွာ ကျေးရွာအုပ်စု ဝါးလီးကျေးရွာနှင့် မင်းဘူးကျေးရွာအုပ်စု ဆောင်းဆီး ကျေးရွာများရှိ  စာသင်ကျောင်းများနှင့်  မဲဆန္ဒရှင်၏ အမည်စာရင်းနှင့် အချက်အလက်များ  မှန်ကန်မှုရှိစေရေး အိမ်တိုင်ရာအရောက် မဲဆန္ဒရှင်ပြည်သူများ၏စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်