(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

အမာ နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ရုံး Community Centre ခန်းမ၌ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် Talk Show ကို ယနေ့ နံနက်ပိုင်းက  ပြုလုပ်ခဲ့သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့ဦးစီးမှူး နော်လေးလီယန်က Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဒေါ်သန္တာမှ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး လူငယ်များ အမျိုးသားရေးစိတ်ဓာတ် ပေါ်ပေါက်လာစေရန်၊ ယဉ်ကျေးမှုနှင့်ပညာရေးတိုးတက်ကောင်းမွန်စေရန်၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး ရည်ရွယ်ချက်ဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။