ရွှေသောင်ယံမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွှေသောင်ယံ   နိုဝင်ဘာ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ()နာရီက ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ပြည်သူများထံသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ..က ရွှေသောင်ယံရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်များအတွင်းရှိ လမ်းသွားလမ်းလာများ၊ ဈေးဆိုင်သမားများအား လိုက်လံဖြန့်ဝေပေးခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ခေါင်းစဉ် ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိမှတ်စရာစာစု၊ ဗိုလ်ချုပ်အောင်ဆန်း၏၂၀--၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်စာစု၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁..၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြော ကြားသည့် အမှာစကားမှကောက်နှုတ်ချက်၊ အမျိုးသားရေးစိတ်ဓါတ် ခေါင်းစဉ်ဖြင့် စာစု၊ ရေနံ့သာ မောင်ကျော်ညွန့်ရေးသားသည့် ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာ၊ ၂၀၂၁ ခုနှစ်(၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေး ခေါင်းစဉ်ဖြင့် (၉၄)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှကောက်နှုတ်ချက်စသည်ဖြင့် အမျိုးသားအောင်ပွဲနေ့နှင့် သက်ဆိုင်သည့် အကြောင်းအရာ များအား ထည့်သွင်းဖော်ပြထား ကြောင်းတွေ့ရသည်။

ကိုကိုမောင်

ရွှေသောင်ယံ(ပြန်/ဆက်)