ချောင်းသာ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ချောင်းသာမြို့ ရွှေသာယာမြို့မစျေးနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချောင်းသာမြို့ ရွှေသာယာမြို့မစျေးကြီးအတွင်းရှိ စျေးဝယ် လာသော မိဘပြည်သူများ၊ စျေးသည်များနှင့် အနှေးယာဉ်မောင်းသူများကို (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်းတွင်းရှိ ကျောင်းသား/သူများအား အသိပညာ ဗဟုသုတ တိုးပွားလာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်အတွက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းမောင်