နတ်မောက်မြို့နယ်တွင် One State One Township Project အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

နတ်မောက်  သြဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သမှုန်းကုန်းကြီး ကျေးရွာအုပ်စု၊ သမှုန်းကုန်းကြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီက One State One Township Project အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     “ကျေးရွာပြည်သူများအနေဖြင့် မြို့နယ် ဦးစီးမှူးရုံးသို့ လာရောက်ရန်မလိုအပ်ဘဲ အလုပ်အကိုင် မပျက်ခြင်း၊ အသွားအလာခက်ခဲခြင်းတွေ သက်သာစေမှာဖြစ်ပါတယ်၊ အသက်(၁၀) နှစ်ပြည့်၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ် ကိုင်ဆောင်ခြင်း မရှိသူများနှင့် သက်ကြီးရွယ်အိုများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် (၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကတော့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကိုင်ဆောင်ပြီး မဲပေးနိုင်ရန်ဖြစ်ပါတယ်၊ ဒါအပြင်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ရန် မဆောင်ရွက်ရသေးသူများကိုလည်း တစ်ပါ တည်း ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု  မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီး အရာရှိ ဦးဖြိုးဝေဝင်းကပြောကြားသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ် သမှုန်းကုန်းကြီးကျေးရွာရှိ အသက်(၁၀) နှစ်ပြည့်နှင့်   အသက်(၁၈)ပြည့်သူများ (၄၈၀) ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

နေဇာလင်း(နတ်မောက်)