ကလေးဝ ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၌ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်း ဘေး ကျေးရွာများသို့ ရေဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ချက်များကို ယမန်နေ့ ညနေ ၃ နာရီခွဲက ပြုလုပ်ခဲ့သည်။
ရေဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာ နေ ပြည်သူများအား ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးအတွက်ကြိုတင်ပြင်ဆင်ရ မည့် အချက်များ၊ ဘေးအန္တရာယ်ကျရောင်စဉ် ဆောင်ရန်/ရှောင်ရန် အချက်များ၊ ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် ပြုလုပ်ရမည့် အချက်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီတို့က Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကလေးဝမြို့၏ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၅၅၀ စင်တီမီတာဖြစ်ပြီး မြို့နယ်မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၁၅၄၃ စင်တီမီတာသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ဆွေ ထံမှသိရသည်။
သက်ဟန်(ကလေးဝ)