မအူပင်ခရိုင် Community Centre ခန်းမတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဘဲဥကောက်ပြိုင်ပွဲကျင်းပ

မအူပင်    နိုဝင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဘဲဥကောက်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်ကို အသုံးပြုတတ် စေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေ ရန်၊ ကိုယ်ပိုင်တီထွင် ဖန်တီးတတ်သည့် အတွေးအခေါ်များရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပရာ မအူပင်မြို့ ဗောဓိမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေး(၁၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဘဲဥကောက်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၂)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ ကြောင်းသိရှိရသည်။

ခရိုင် ပြန်/ဆက် (မအူပင်)