ကျောက်တံခါးမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်တံခါး နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ကို  ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာကျောင်းများနှင့် ရပ်ကွက်နေ ပြည်သူများအား  ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာ ရုံးများ၊ ကျောင်းများနှင့် ရပ်ကွက်များတွင် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၆၄) ရက်နေ့  ဖ-ဆ-ပ-လအဖွဲ့ချုပ်ကြီး တစ်နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁-၄-၂၀၂၁) ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊    ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့အကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်၊ ကဗျာများ၊ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။

စန်းစန်း