သထုံ နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်လေးနွယ်က ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်ညီ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရန် အွန်လိုင်းမှတစ်ဆင့် Talk Show အစီအစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြာပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်ဆန်းက သထုံမြို့နယ်အတွင်း ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ကာကွယ်ဆေးထိုးစုရပ်များ၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်မှု၊ ဆေးထိုးနှံပြီးနောက်လည်း ကျန်းမာရေးဌာန၏ လမ်းညွှန်မှုများကို လေးစားလိုက်နာရန် လိုအပ်မှုအခြေအနေ၊ ကျောင်းသားမိဘများအနေဖြင့် မိမိရင်သွေးများ၏ အနာဂတ်လှပရေးအတွက် ကာကွယ်ဆေးထိုးနှံရာ၌ ပူးပေါင်းပါဝင်ကြရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံခွင့်ရရှိသည့်အတွက် ဆရာတစ်ဦးအနေဖြင့် ဝမ်းမြောက်ပီတိ ကျေးဇူတင်စကားများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)