ဝါးခယ်မမြို့တွင် (၁၀၁) နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအားဖြန့်ဝေ

ဝါးခယ်မ နိုဝင်ဘာ ‌၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကိုကျောင်းသား/သူ နှင့်ပြည်သူများ အားပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက(အခမဲ့) ဖြန့်ဝေ ခဲ့ကြောင်းသိရသည်။

ထိုသို့ဖြန့်ဝေရာတွင် ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုဝင်ဘာ၂၈ရက်နေ့တွင် ကျရောက်မည့်(၁၀၁) နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား ကျောင်းများနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အဆိုပါသတင်း စကားလက်ကမ်းစာစောင်တွင်၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၁၁.၄.၂၀၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာ စကားမှ ကောက်နုတ်ချက်များ၊အမျိုးသားရေးစိတ်ဓါတ်၊ အေးအ တူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက် ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆို အဓိဌာန် ပြုလုပ်ကြသော ကျောင်း သားကြီး (၁၁)ဦး၊ ကဗျာ၊ ဆောင်ပုဒ်များဖော်ပြထားကြောင်းသိရသည်။

စောသန္တာဦး