မအူပင်မြို့၌" ၁၀၁ "နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကျင်းပ

မအူပင်   နိုဝင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁)တွင်" ၁၀၁ နှစ်မြောက် "အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်" အမျိုးသားအောင်ပွဲတို့ဆင်နွှဲ" ခေါင်းစဉ်ဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် "အမျိုးသားအောင်ပွဲတို့ဆင်နွှဲ" ခေါင်းစဉ်ဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁)တွင် အထက်တန်း၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း ပြိုင်ပွဲကျင်းပဆောင်ရွက်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ ဆက်(မအူပင်)