မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ကောင်းမွန်လာ၍ လူနာတစ်ဦး ဆေးရုံဆင်းခွင့်ရ

မာန်အောင် နိုဝင်ဘာ၂၅

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန်လည်ကောင်းမွန်လာ၍ လူနာတစ်ဦး ဆေးရုံဆင်းခွင်ပြုခဲ့ရာ ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါဖြင့် ဆေးကုသလူနာ ကင်းစင်ပြီးကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရလူနာမှာ မာန်အောင်မြို့နယ်၊ ငအင်းကျေးရွာအုပ်စု၊ ငအင်းကျေးရွာမှ အသက်(၇၂)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့သူဖြစ်ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာကို ဇူလိုင်လ(၁၄)ရက်နေ့တွင် စတင်တွေ့ရှိခဲ့ရာ အောက်တိုဘာ(၁၁)ရက်နေ့ထိ အတည်ပြု လူနာ(၉၁)ဦးရှိခဲ့ပြီး သေဆုံးခဲ့သူ(၁၄)ဦးနှင့် ရောဂါပြန်လည် ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့် ရရှိခဲ့သူ(၇၇)ဦး ရှိခဲ့သည်။

ယခုအခါ မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံ၌ အောက်တိုဘာလ ၂၇ ရက်နေ့မှစတင် ထပ်မံတွေ့ရှိခဲ့သူ လူနာ ၃ ဦးရှိခဲ့ရာ နောက်ဆုံး ဆေးရုံဆင်းခွင့်ရလူနာဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ဖြင့် ဆေးကုသခံယူနေသူ လူနာကင်းစင်သွားပြီ ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)