မုဒုံမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အခမဲ့ဖြန့်ဝေ

မုဒုံ နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်  ကျောင်းသား၊ ကျောင်းသူများ၊ လမ်းသွားလမ်းလာပြည်သူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်း   စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ     မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာသင်ကျောင်းများ၊ မုဒုံ-မော်လမြိုင်-သံဖြူဇရပ် ကားဂိတ် နေရာများတို့တွင်  အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား  လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့တွင် ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့်    အမှာစကားမှ ကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့ အစရှိသော အကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွှန့် ရေးသားသော ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများ၊ အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်သော ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)