မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌စာပေဝါသနာရှင်လူငယ်များပူးပေါင်းပြီးစာဖတ်ဝိုင်းကျင်းပ

မာန်အောင် နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် လူငယ်များပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသား သည့်``လူငယ်နှင့်ဇွဲ´´စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယနေ့မွန်းလွဲ ၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပ ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ကြည်ကြည်ဝင်းက ယနေ့စာဖတ်သူ မနက် ဖြန်ခေါင်း ဆောင်ဖြစ်လာနိုင်သလို စာအုပ် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားစေခြင်း၊အမှား အမှန် အဆိုး အကောင်း ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ချက်ဖြင့် စာဖတ် ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ဝင်းမှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့်``လူငယ်နှင့်ဇွဲ´´ခေါင်းစဉ်ပါ အကြောင်းအရာဖြင့်လည်းကောင်း၊စာပေဝါသနာရှင် မောင်ကောင်းမြတ် သွင်မှ``တန်ဖိုးအရှိဆုံးအရာ´´ခေါင်းစဉ်ပါအကြောင်းအရာဖြင့်လည်းကောင်း၊ မောင်ခန့်ဝင်းသူမှ``လူငယ်နှင့်အခွင့်အလမ်း´´ခေါင်းစဉ်ပါအကြောင်းအရာဖြင့် လည်းကောင်း၊ မောင်ဝေယံဟိန်း မှ``စာဖတ်လေ လေတိုးတက်လေလေ´´ခေါင်းစဉ်ပါအကြောင်းအရာဖြင့် လည်းကောင်း၊ မောင်လင်းလင်းနိုင်မှ``လူငယ်နှင့်အနာဂတ်´´ခေါင်စဉ်ပါ အကြောင်းအရာဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူစာပေဝါသာရှင်လူငယ်များက သိရှိလိုသည်များကိုအမြင်ချင်းဖလှယ်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)