ရန်ကုန် ဩဂုတ် ၂၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမေ့အိမ် အသက်မွေးမှု ပညာ(အခမဲ့)သင်တန်း ကျောင်းမှ အင်္ဂလိပ်စာ ကျွမ်းကျင်မှု သင်တန်း(4 Skills)နှင့် အခြေခံ စက်ချုပ်မှုပညာ သင်တန်းတို့ကို စက်တင်ဘာ(၁)ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သာသနာ့ဗိမာန် ဇောတိကာရုံ ကျောင်းတိုက်တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။
မိမိ၏အရည်အသွေးကို မြှင့်တင်လိုသူ၊ တက္ကသိုလ်ဝင်တန်း အောင်ပြီးသူများအတွက် ရည်ရွယ်ပြီး အမေ့အိမ် အသက်မွေးမှု ပညာ (အခမဲ့) သင်တန်းကျောင်း၌ ပို့ချမည်ဖြစ်သည်။ သင်တန်းသား (၁၅)ဦးသာ လက်ခံ၍ တစ်ပတ်လျှင် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များတွင် နေ့လယ်(၁)နာရီမှ ညနေ(၄)နာရီအချိန်အထိ ဖြစ်သည်။
အခြေခံ စက်ချုပ်မှု ပညာနှင့် ဒီဇိုင်နာ သင်တန်းများကို အင်းစိန် ဖော့ကန်ဈေးမှတ်တိုင် မင်္ဂလာ သူရလမ်းသွယ်၊ သာသနာ့ ဗိမာန် ဇောတိကာရုံကျောင်းတိုက်တွင် တနင်္လာ၊ အင်္ဂါနေ့များတွင် နံနက် (၁၀)နာရီ နေ့လယ်(၁)နာရီအချိန်အထိ သင်တန်း တက်လိုသူများ သင်တန်းအပ်နိုင်ပြီး ဖုန်းနံပါတ် ၀၉၂၅၀၀၂၈၆၇၇ တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)