ရသေ့တောင်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်

ရသေ့တောင်  နိုဝင်ဘာ  ၂၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ နိုဝင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်များခင်းကျင်း ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့စာအုပ်စာစောင်များခင်းကျင်းပြသရာတွင် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် စာအုပ်စာစောင် များအပြင် ကျောင်းသား၊ ကျောင်းသူများစိတ်ဝင်စားမှုရှိသည့် သုတရသ စာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ပြစာအုပ်များအား ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကစိတ်ဝင် တစားလေ့လာဖတ် ရှုခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးအောင်စံထွန်းက  အမျိုးသား အောင် ပွဲနေ့ဉီးတည်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက် ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြု ကြသည့် ကျောင်းသားကြီး(၁၁)ဉီးနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာရသည့် သမိုင်း အကြောင်း အရာများအား အသိပညာပေး ရှင်းလင်းဟောပြော ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဉီးစီးမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရ သည်။

အောင်စံထွန်း(ပြန်/ဆက်)