ကျောင်းကုန်း နိုဝင်ဘာ ၂၄
ကျောင်းသားကျောင်းသူများ နိုင်ငံနှင့်လူမျိုးကိုချစ်သော နိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားကိုလိုလား သောအမျိုးသားစိတ်ဓာတ်များ ကိန်းဝပ်လာစေရန် ရည်ရွယ်၍ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌(၁၀၁)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူ(၁၂) ဦးနှင့် အထက်တန်းဆင့် ကျောင်းသားကျောင်းသူ(၄)ဦး၊ စုစုပေါင်း(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြ သည်။ အ လားတူ အခြေခံပညာအထက်တန်းကျောင်းများနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများ၌
လည်း ကျင်းပခဲ့ကြောင်း သိရသည်။
ဝင်းကြိုင