ကျိုက်ထိုမြို့နယ် အထက(၁)တွင် (၁၀၁)နှစ်မြောက်မျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲပြုလုပ်

ကျိုက်ထို နိုဝင်ဘာ ၂၄

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း‌ ကျောင်း၌ ယနေ့ နံနက်(၁၀)နာရီတွင် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူများ ဝါသနာအ‌​လျောက် ဝင်ရောက် ယှဉ်ပြိုင်ကြရာ ကဗျာပြိုင်ပွဲ၌ အထက်တန်း အဆင့်(၅)ဦး၊ အလယ်တန်းအဆင့်(၁၂)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်(၁၃)ဦး၊ အလယ်တန်းအဆင့်(၈)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်(၅)ဦးနှင့် အလယ်တန်းအဆင့် (၆)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်သူများမှ ပထမ၊ ဒုတိယနှင့် တတိယဆုနှင့် ဂုဏ်ပြုဆု  ရရှိသူများအား (၂၀၂၂)ခုနှစ် ပညာရေး စုံညီပွဲတော်တွင် ဂုဏ်ပြုချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း အထက(၁) ကျောင်း တာ၀န်ရှိသူထံမှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)