ဂွ နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် တရားမဝင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု မရှိစေရေးအတွက် နယ်မြေခံတပ်ရင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် လူအသွားအလာများသည့် မီးပွိုင့်လမ်းဆုံတွင် သွားလာနေသူများနှင့် ခရီးသွားလာကြသူများအား စစ်ဆေ းကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် နယ်မြေခံတပ်ရင်းတွင် အခြေပြုလျက်ရှိသည့် ခလရ(၂၇)မှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းရေး အဖွဲ့များသည် လူအသွားအလာများသည့် မီးပွိုင့်လမ်းဆုံတွင် တရားမဝင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု မရှိစေရေးအတွက် ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်များအား ပိတ်ဆို့စစ်ဆေး ဆောင်ရွက်ခဲ့ရာ ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်