ချောက်မြို့နယ် မြို့မစျေး၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ချောက်  နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် မြို့မစျေးမီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် ယနေ့ မွန်းလွဲ ၁ နာရီက မြို့မဈေးအတွင်းရှိ ဆိုင်ခန်းပိုင်ရှင် များအား မီးဘေးလုံခြုံရေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးနေမန်း၊ မြို့နယ်လျှပ်စစ်ဌာန ဝန်ထမ်းများ၊    မြို့မဈေးတာဝန်ခံ ဦးရဲကြည်ဆွေတို့ ပူးပေါင်း၍ ဈေးအတွင်းရှိ ဆိုင်ခန်းများ၌ လျှပ်စစ်မီး သုံးစွဲမှု စနစ်တကျ ဖြစ်စေရေး၊ မီးကြိုးများနှင့် မီးလုံးများသွယ်တန်းထားမှု အခြေအနေများအား စစ်ဆေးပြီး မီးဘေးကြိုတင် ကာကွယ်ရန်အတွက် ဈေးအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများအလွယ် တကူအသုံးပြုနိုင်ရန် အဆင့်အသင့် ဆောင်ထားရန်၊ စျေးပိတ်သိမ်းချိန်ရောက်လျှင် မိမိတို့သုံးပြုသည့် လျှပ်စစ် မီးခလုတ်ပိတ်ထားရန်၊ လျှပ်စစ်မိန်းချထားရန် စသည်တို့ကို မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)