သထုံခရိုင်ပြည်သူ့ စာကြည့်တိုက်၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သထုံ နိုဝင်ဘာ ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယနေ့၊ နံနက်ပိုင်းက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်လေးနွယ်က Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဆန်းက အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ ကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်များ၊ အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များနှင့် ဆောင်ပုဒ်၊ ပထမကျောင်းသား သပိတ်မှ စတင်ပြီးမျိုးချစ်စိတ်ဓါတ်များ နိုးကြားလာကာ မြန်မာ့ လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံ၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်အကြိမ်ကြိမ် ဆွေးနွေးခဲ့မှုများ၊ ပထမ ကျောင်းသား သပိတ် စတင်ခဲ့သည့် ရက်ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပခဲ့မှုများနှင့် အနာဂတ် လူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့ နှင့်ပတ်သတ်သည့် ဂုဏ်ကျေးဇူးများကို မမေ့မလျော့ လက်ဆင့်ကမ်း အလေးအမြတ်ထားကြရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)