ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ဂွ  နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်  ဂွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ်အဖြစ် မြို့နယ်အတွင်း  သတ်မှတ်စုရပ်နေရာများတွင် နိုဝင်ဘာလ  ၂၂ ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာ ယမန်နေ့အထိ အသက် (၁၈)နှစ်နှင့်အထက်  ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် လာရောက်၍ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၉၂၅)ဦး ရှိကြောင်း သိရသည်။

ဂွမြို့နယ် ကိုဗစ်-၁၉ရောဂါ  ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးစားပေး အုပ်စုအလိုက်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ရွှေရည်ဝင်းကျော်