ရေဦး နို၀င်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့်၀န်ထမ်းများသည် ယနေ့နံနက် ၉ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သိမှတ်ဖွယ်ရာလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြသည်။
အဆိုပါစာစောင်တွင် (၁၀၁)အမျိုးသားနေ့ ဦးတည်ချက် (၄)ရပ်၊ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ပေါ်ပေါက်ခဲ့သည့် တက္ကသိုလ်ကောလိပ်ကျောင်းသား သပိတ်သည်မြန်မာနိုင်ငံအား ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် စတင်လိုက်သည့် တော်လှန်ရေးကြီးမှသည် မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ ဆောင်ရွက်ခဲ့ပုံများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦးအမည်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်၀န်ကြီးချုပ်၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င်များနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအား တွေ့ဆုံခဲ့စဉ်က ပြောကြားခဲ့သည့် အနာဂတ်တွင် ကောင်းမွန်သောလူ့စွမ်းအား အရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်ပေါ်လာရေးတွက် ပညာရေးကဏ္ဍအရေးကြီးပုံ၊ အမျိုးသားရေးစိတ်ဓာတ်ဟူသည်၊ အမျိုးသားပညာရေးနှင့် အမျိုးသားစိတ်ဓာတ်ဆိုသည်မှာ စသည့် အကြောင်းအရာများ ပါ၀င်ကြောင်း သိရသည်။