နတ်မောက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ လက်ရှိဆေးထိုးနေမှု အခြေအနေများအား ချပြရှင်းလင်းခြင်းနှင့် မြို့အဝင်/အထွက် စစ်ဆေးရေး ဂိတ်များတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသော အထောက်အထားများ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး အကြောင်းအရာများ နှိုးဆော်ခြင်း လုပ်ငန်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြောင်းသိရသည်။
ဖြိုးအိအိဇော်