ငပုတော နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဆောင်ရွက်သော ၂၀၂၁- ၂၀၂၂ ခုနှစ် မြို့နယ်ကိုယ်စားပြုမိုးစပါးစံကွက် ရိတ်သိမ်းပွဲကို သက္ကယ်ချောင်းကျေး ရွာအုပ်စုအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ကွင်းအမှတ် ၁၃၆၆ B ဦးပိုင်အမှတ် (၄၁/ ၁) ရှိ တောင်သူဒေါ်အေးစန်း၏ လယ်ယာမြေ (၉) ဧကတွင် ယနေ့နံနက် ( ၉ ) နာရီ အချိန်က ပြုလုပ်ခဲ့ပါသည်။
အဆိုပါမိုးစပါးစံကွက် ရိတ်သိမ်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိန်သန်းနှင့်ဝန်ထမ်းများ တောင်သူများ တက်ရောက်ခဲ့ကြပြီး မနောသုခ စပါးတစ်ဧကရိတ်သိမ်းရာတွင် ပျမ်းမျှစပါးအစို(၁၀၁)တင်း ထွက်ရှိခဲ့သည်။
ငပုတောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင်မိုးစပါးစိုက်ဧက (၂၀၄၁၂၂)ရှိခဲ့ပြီး နွေစပါး စိုက်ပျိုးချိန်တွင် (၇၆၀၇)ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။