ပခုက္ကူမြို့နယ်၌ ပြေးခုန်ပစ်လူရွေးပွဲ ကျင်းပနိုင်‌ရေးနှင့် Physical Fiteness Dance သရုပ်ပြ

ပခုက္ကူ  နိုဝင်ဘာ ၂၄

ပခုက္ကူမြို့နယ်၌ ပြေးခုန်ပစ်လူရွေးပွဲ ကျင်းပနိုင်ရေးနှင့် Physical Fiteness Dance သရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီ က ရေလာလေးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ပခုက္ကူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စီးမှူး ဒေါ်နန်းသီတာထွေးနှင့် ဝန်ထမ်းများက သက်တမ်းအလိုက် ပြေးခုန်ပစ်လူရွေးပွဲကျင်းပနိုင်ရေး ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား၊ ကျောင်းသူများ စာရင်းကောက်ယူခြင်း၊ Physical Fiteness Dance သရုပ်ပြခြင်းနှင့် ဘောလုံးတစ်လုံး၊ ဘောလီဘော ဘောလုံးနှစ်လုံးတို့ကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အနောက်နံဂါတ်ကျေးရွာ အထကကျောင်းတွင်လည်း အလားတူပြုလုပ်ထောက်ပံ့ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

အောင်ဇော်