မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဘတ်ဂျက်ကာလတွင် ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းဆောင်ရွက်

အထက်မင်းလှ   နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ()လဘတ်ဂျက်ကာလတွင်           စမ်းအိုင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဆောင်ရွက်မည့် အခြေအနေများအား ချပြရှင်းလင်းဆောင်ရွက်ခြင်းကို            ယမန်နေ့နံနက် ၁၀နာရီ က        ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်‌‌ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစန်းအောင် က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင် က စမ်းအိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသူများ ကကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ စမ်းအိုင်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ရေး ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

                                                                                                                                          ဇာဇာ(အထက်မင်းလှ)