အမာမြို့တွင်(၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

အမာ    နိုဝင်ဘာ     ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များ ကြောင်းသိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နေ့လယ် ၁၂နာရီခွဲ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက အမာမြို့ ၊အခြေခံပညာ အထက်တန်း ကျောင်းရှိကျောင်းသား/ ကျောင်းသူတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နှုတ်ချက်၊ အေးအတူပူ အမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသား ကြီး (၁၁)ဦး အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့အစရှိသော အကြောင်းအရာများ၊ ရေနံ့သာ မောင်ကျော်ညွှန့် ရေးသားသော ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ အစရှိသည့် အကြောင်းအရာ များနှင့် အမျိုးသား အောင်ပွဲနေ့ နှင့်ပတ်သက်သော ဆောင်ပုဒ်များပါဝင်ကြောင်း သိရှိရသည်။

အမာ(ပြန်/ဆက်)