ကျုံပျော်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများ ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးလာ ရောက်ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ကျုံပျော် နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသက်(၁၈) နှစ်ပြည့်ပြီးသူများ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေး နှိုးဆော်ချက်တွင် ကျုံပျော်မြို့နယ်အတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူများအား အသက်အရွယ် အပိုင်းအခြားအလိုက် ထိုးနှံပေး လျက်ရှိကြောင်း၊ ယခု အသက်(၁၈) နှစ်ပြည်ပြီးသူများအား ကာကွယ်ဆေးထိုးနှံပေး မည်ဖြစ်သဖြင့် နိုဝင်ဘာ(၂၃၊၂၄) ရက်များတွင် ဆေးထိုး စုရပ်ဖြစ်သော အောင်ဆန်း ရပ်ကွက်ရှိ အားကစားရုံကြီးအတွင်းသို့ လာရောက်ဆေးထိုးနှံကြပါရန်နှင့်၊ ဆေးထိုးနှံ လိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာကြပါရန် အသိပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် ယနေ့အထိကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သူ(၂၆၃၁)ဦးရှိခဲ့ပြီး၊ သေဆုံး သူ(၁၄၉)ဦး ရှိခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူ (၆၆၀၉၆)ဦး ‌ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

 

လပြည့်ဦး(ပြန်/ဆက်)