ကျိုက်လတ် နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မူလတန်းအဆင့်ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကောရွက် အားကစားပြိုင်ပွဲများကို ယနေ့ နေလယ် ၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့်စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် ဖန်တီး တတ်သည့် အတွေးအခေါ် များရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားပြီးနောက် မူလတန်းအဆင့် ပန်းချီဆေးရောင်ချယ်ပြိုင်ပွဲကျင်းပရာကျောင်းသား ကျောင်းသူ ကလေး (၁၀)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး၊ စကောရွက်ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲများတွင်ဆုရရှိသူများအားမြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်