အောင်လံ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ စည်ပင်သာယာမြို့မဈေးကြီးနှင့် တစ်ဆက်တည်း မြနန္ဒာဈေး မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ ညနေ့ ၃ နာရီက မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ စည်ပင်သာယာအမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာမှူး၊ ဈေးတာဝန်ခံ၊ ဈေးကော်မတီ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးမှုများတွင် လက်တွေ့ကျသော မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ မီးသတ်ယာဉ်အလွယ်တကူ ဝင်ထွက်နိုင်ရေး၊ ရေလုံလောက်စွာရရှိရေး၊ ဈေးစည်ပင်ဝန်ထမ်းများနှင့် ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ပစ္စည်း ကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေးများကို စစ်ဆေး ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)