ရွှေသောင်ယံ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု အထက အုန်းချောင်းစာသင် ကျောင်းတွင် ယနေ့နံနက်(၉)နာရီက အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံရာတွင် ရွှေသောင်ယံမြို့ သဲကုန်းအုပ်စုအတွင်းရှိ အထကအုန်းချောင်း၊ အလကဝက်သေ၊ အလက(ခွဲ)ကျူတော၊ အလက(ခွဲ)သဲကျင်း စသည့်ကျေးရွာ စာသင်ကျောင်းများရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသည့် အသက် (၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူ(၁၅၉)ဦးအားတာဝန်ရှိသူများမှ ထိုးနှံ ပေး နေခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးရာနေရာသို့ ရွှေသောင်ယံမြို့ သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာန အောက်ရှိ ကျန်းမာရေးဆရာ၊ ဆရာမများ၊ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။
ကိုကိုမောင်