ညောင်လေးပင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်

ညောင်လေးပင် နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်ထားမှုများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပထမဆုံးအနေဖြင့် ညောင်လေးပင်မြို့မစျေးကြီးအတွင်း လျှပ်စစ်မီးများ သွယ်တန်း ထားမှုအား စစ်ဆေးပြီး ရေဂါလံ ၂၄၀၀ ဆန့် ရေစင်ထံမှ ရေအလွယ်တကူရရှိနိုင်ခြင်းရှိ၊ မရှိ၊‌ ရေပုံး၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်များ ထားရှိခြင်းရှိ၊ မရှိနှင့် စျေးကြီးအတွင်း ထားရှိသော မီးသတ်ဆေးဘူး ၁၀၀ ကျော်အား အသုံးပြု၍ ရနိုင် ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းများအား မြို့နယ်မီးသတ်တပ်ဖွဲ့ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သီရိထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)