ကျုံပျော်မြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ကျုံပျော် နိုဝင်ဘာ ၂၄

ပြည်သူများ အမျိုးသား‌အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဦးတည်ချက်နှင့် အနှစ်သာရတို့ကို  သိရှိ‌‌စေရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် နိုဝင်ဘာ ၂၃ ရက်က အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင်၂၀၂၁ ခုနှစ် ၊ (၁၀၁)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ ဦးတည်ချက်၊ (၉၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာ ကောက်နုတ်ချက်၊ ဗိုလ်ချုပ်‌အောင်ဆန်း ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး ၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသည့်မိန့်ခွန်းမှကောက်နှုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နှုတ် ချက်၊ အမျိုးသားရေးစိတ်ဓာတ် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အမျိုးသား ပညာရေးအဓိပ္ပါယ် ဖွင့်ဆိုချက်၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုကြသောကျောင်းသားကြီး (၁၁)ဦးအမည်စာရင်း၊ အမျိုးသားအောင်ပွဲနေ့ သမိုင်း ကြောင်း၊ ကဗျာဆရာကြီး ရေနံ့သာမောင်ကျော်ညွန့်၏ ဘုန်းရှင့်မြန်မာ တို့ မြန်မာကဗျာ စသည်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေနိုင်ရန် စောင်ရေ (၁၀၀၀၀၀) ထုတ်ဝေပြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စောင်ရေ(၂၅၅)စောင်အား အခမဲ့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

လပြည့်ဦး(ပြန်/ဆက်)