မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်​ အော်ဂဲနစ်သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနည်းပညာ Talk Show ပြုလုပ်

မိုးညို နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီးအော်ဂဲနစ် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းပညာများ Talk Show ပြုလုပ်ခဲ့သည်။

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းက Talk Show ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြာခဲ့သည်။ ဆက်လက်၍ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ နည်းပညာများကိုတောင်သူများ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် နည်းပညာ များအား ဖြန့်ဖြူးပေးမှုများ၊ သဘာဝမြေဩဇာအဖြစ် အသုံးပြု၍ရသော ကုန်ကြမ်းများ၊ တောင်သူများအနေနဲ့ ကုန်ကျစရိတ်သက်သာပြီး မိမိကိုယ်တိုင် ပြုလုပ်နိုင်သော သဘာဝမြေဩဇာ ပြုလုပ်ပုံ၊ ပြုလုပ်နည်းများ၊ အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း၊​ရွက်ဖျန်းမြေသြဇာ ပြုလုပ်နည်းများ၊ ငါးအမိုင်နိုအက်ဆစ် (အပင်အားတိုးဆေးရည်) ပြုလုပ်နည်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကံရင်က ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)