သဲကုန်းမြို့နယ်တွင် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

သဲကုန်း နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဆင်မြီးဆွဲမြို့တိုက်နယ်ဆေးရုံနှင့် ဆေးထိုးစုရပ် အသီးသီးတွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အမျိုးအစားကို ယနေ့  နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ဆေးထိုးစုရပ်အသီးသီးတို့၌ သံဃာတော်/သီလရှင် သာသနာ့ဝန်ထမ်းများ အပါအဝင် အသက် (၁၈) နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများနှင့် (ဆီးချို၊ သွေးထိုး၊ နှလုံး) အစရှိသော ကူးစက် ရောဂါမဟုတ်သည့် နာတာရှည်ရောဂါအခံရှိသူများ၊ ပုဂ္ဂလိက/စက်ရုံ အလုပ်ရုံ ဝန်ထမ်းများအား တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စနစ်တကျ မှတ်တမ်းရေးသွင်းကာ ကိုယ်အပူချိန်တိုင်းတာ‌၍ သွေးပေါင်ချိန်ပေးခြင်းတို့ ဆောင်ရွက် ပေးပြီး ကျန်းမာရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဆေးထိုးရန် ကျန်ရှိနေသူများကို ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)