မင်းလှမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်

မင်းလှ  နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန် အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က အသိပညာပေးလုပ်ငန်း တစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က စာဖတ် ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအ သင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က စာရေးဆရာခင်စောတင့်၏ အသိပညာပေး စာအုပ်တစ်အုပ်ဖြစ်သည့် ဆုံးဖြတ်ဖို့ ခက်ခဲနေမယ် ဆိုရင် စာအုပ်ပါ အခန်းကဏ္ဍ(၃၅)ခန်းမှ အခန်းကဏ္ဍ(၁၁)မှ မိမိကိုယ်က ကြင်နာဖို့ အချိန်ဖန်တီးပါ  အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့  မြို့နယ် စာရေးဆရာ အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး  အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ