အင်းတော်မြို့နယ်၌ မိုးစပါးတင်း ( ၁၀၀ ) အထက် ထွက်ရှိရေး အထူးစံပြကွက် ရိတ်သိမ်း

အင်းတော်  နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာအုပ်စု ကြာအင်းကွင်း တောင်သူ ဦးမောင်ပိုင်၏  လယ်ကွက်အတွင်း စိုက်ပျိုးထားရှိသော မိုးစပါး အထူးစံပြကွက်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက စံကွက် ရိတ်သိမ်းခဲ့ရာ ပျှမ်းမျှ တစ်ဧက အထွက်တင်းနှုန်း  (၁၃၅ )တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ် အနေဖြင့် ယခု ၂၀၂၁ ခုနှစ် မိုးစပါးရာသီအတွင်း ၅၅၈၃၈ ဧက စိုက်ပျိုးနိုင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ရာ  ၅၅၉၈၀ ဧက အမှန်တကယ် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မြို့နယ် အနေဖြင့် တစ်ဧက ပျှမ်းမျှအထွက်နှုန်း ၁၀၀ တင်းအထက် ရရှိရေး အတွက်လည်း ဒေသခံတောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ သတ်မှတ်အထွက်နှုန်း ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

အဆိုပါ စံပြကွက် ရိတ်သိမ်းရာ နေရာသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင် နှင့်ဝန်ထမ်းများ၊ စိုက်ပညာရှင်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ(ပြန်/ဆက်)