မင်းပြား နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက မင်းပြားမြို့ဈေးဟောင်းအရှေ့ အခြေခံမူလတန်းကျောင်း၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲ နေ့အကြိုပြပွဲ၊ ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန် နေ့လည် ၁ နာရီက ကျင်းပပြုလုပ်သည်။
မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက ကျောင်းသူ၊ ကျောင်းသားများအား နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင် ပြသခြင်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်သည်။
ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမေသိန်းက ကျောင်းသား၊ ကျောင်းသူများအား အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၌ ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းနုအောင်