ကျိုက်လတ် နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်း အားကစားများပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၃)နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က အမျိုသား အောင်ပွဲနေ့ ဖြစ်ပေါ်လာသည့်သမိုင်းကြောင်းများ ဟောပြောခဲ့ပြီးနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့်အများနှင့် ပူးပေါင်းဆောင်ရွက်တက်စေရန်၊ စာကြည့်တိုက်တွင်စာပေ ဗဟုသုတများ ဖတ်ရှုလေ့လာတက်စေရန်၊ စာပေကို လေ့လာဖတ်ရှုခြင်းအားဖြင့် အသိအလိမ္မာ ဉာဏ်ပညာ ဗဟုသုတတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတိုးပွားလာစေရန် ၊အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်စသည် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသားကျောင်းသူလေးများမှ ပလတ်စတစ်အိတ်ကလေးရဲ့ ခရီးစဉ်စာအုပ်ဖြင့် စာဖတ် စွမ်း ရည်ပြိုင်ပွဲကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ(၉)ဦးမှ ပါဝင်ယှဉ်ပြိင်ခဲ့ကြပြီး၊ ခါးလှည့်ကွင်း အားကစားပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၈)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဆုပေးပွဲဆက်လက်ကျင်းပခဲ့ရာ မြို့နယ်ဦးစီးမှူးမှစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်း အားကစားပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်