အမာ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းကခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြု ကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသရာတွင် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ လှုပ်ရှားမှုမှတ်တမ်းများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆောင်းပါးကောက် နုတ်ချက်များ၊ အမျိုးသားနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများကိုပြသထားပြီး စာအုပ်ပြပွဲတွင် သုတ၊ ရသစာအုပ်များကိုခင်းကျင်း ပြသထားရာ စာပေချစ်မြတ်နိုးသူ ကျောင်းသား၊ကျောင်းသူများလာရောက် လေ့လာကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)