ဟင်္သာတမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဟင်္သာတ နိုဝင်ဘာ ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့  ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော ပြည်သူများ အား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် ယမန်နေ့၊ နံနက် ၈ နာရီအချိန်တွင် ဟင်္သာတမြို့နယ်ရုံးမှ လဝကမှူးဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများက သင်္ဘန်းကုန်းကျေးရွာအုပ်စု ၊ စက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

အဆိုပါရပ်ကွက်များအတွင်း နေထိုင်သောအသက်(၁၀) နှစ်ပြည့် မှ(၁၈)နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြားလဲလှယ်ပေးခြင်း၊ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အသက်(၁၀)နှစ် ပြည့်မှတ်ပုံတင် (၁၈)ကတ်၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်(၁၈)ကတ်၊ လှဲလှယ်နှင့်မိတ္တူ (၅၄)ကတ် စုစုပေါင်း နိုင်ငံသား စိစစ်ရေး ကတ်ပြား (၈၀)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အခြား ကျေးရွာရပ်ကွက် များသို့လည်း အလှည့်ကျ ကွင်းဆင်းပြီး ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း မြို့နယ် လဝက ဦးစီးမှူး ဦးစိုးမြင့်အောင် ထံမှသိရသည်။

ကိုဇော်