ကွမ်းခြံကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ကွမ်းခြံကုန်း ဩဂုတ်၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေး ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာ‌ရေး ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ မြို့ပေါ်ရပ်ကွက် အသီးသီးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်းက‌ တောင်ဘက်ပိုင်းရပ်ကွက်၊ တိုးချဲ့(၂)လမ်းသို့ သွားရောက် ဆောင်ရွက် ခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌ရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်မှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်အတွင်း ခြင်ပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊‌ ရေမလှယ်နိုင်သည့် အုတ်ကန်၊ ရေစည်၊ ရေအိုးများတွင် ခြင်လောက်လန်းသတ်ရန် အဘိတ်ဆေးခတ်ခြင်း၊ ခြင်‌ဆေး ဖြန်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ‌‌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ပြည်သူလူထုက ဆောင်ရွက်ရမည့် လုပ်ငန်း များကို အသိပညာပေးခြင်း၊ ကျန်းမာရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)