နမ္မတူ ဩဂုတ် ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနရုံးမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ စားသောက်ကုန် (၅)မျိုး ဝယ်ယူရန် နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု တစ်စုလျှင် (၄၀၀၀၀/-)နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ မြို့နယ် ဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်း၊ မြို့နယ်တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်နှင့် တာဝန်ရှိသူများက ကြူဆော့ (IDP)စခန်း၊ လီဆူး (IDP)စခန်း၊ ကချင် (IDP)စခန်း တို့ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၂) စု တို့အတွက် တစ်အိမ်ထောင်လျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၈၈၀၀၀၀)ကျပ်အား တိုက်ပွဲရှောင် ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)