ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်းရှိ သင်တန်းကျောင်းများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေး

ကမာရွတ် ဩဂုတ် ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေး ဌာနတို့မှ ယမန်နေ့ ညနေ ၄ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ပုဂ္ဂလိကသင်တန်းကျောင်း၊ KMD သင်တန်းကျောင်း၊ ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း၊ Success Language သင်တန်းကျောင်း တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အညီ စနစ်တကျ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့က အမှတ်(၁)ရပ်ကွက်အတွင်းရှိ သင်တန်းကျောင်း(၄)ကျောင်း အားသွားရောက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ် ဆေးဘူး များထားရှိခြင်း ရှိ/မရှိ၊ လျှပ်စစ်အသုံးပြုရာတွင် စနစ်ကျမှု ရှိ/မရှိ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက် ထား ခြင်း ရှိ/ မရှိ၊ လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူး စက်မှုမရှိစေရေး ချမှတ် ထားသော စည်းကမ်းချက်များအား အလေးထား လိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)