ကျောက်ဆည် ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၇၂)ဦးနှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် (၁) ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၇၃) ဦး ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ကျောက်ဆည်မြို့နယ်တွင်အရွေးခံမည့်ပုဂ္ဂိုလ် (၆) ဦး၊ စဉ့်ကိုင်မြို့နယ်တွင် (၆) ဦး၊ တံတားဦးမြို့နယ်တွင် (၆) ဦး၊ မြစ်သားမြို့နယ်တွင် (၅) ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) အနေဖြင့် ကျောက်ဆည်ခရိုင် (ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်)တို့တွင် အရွေးခံမည့်ကိုယ်စားလှယ်လောင်း(၅)ဦး တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေအမှတ်(၁)နေရာအတွက်ကျောက်ဆည်မြို့နယ်တွင် (၆) ဦး၊ စဉ့်ကိုင်မြို့နယ်တွင် (၅) ဦး၊ တံတားဦးမြို့နယ်တွင် (၈) ဦး၊ မြစ်သားမြို့နယ်တွင် (၄) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာအတွက် ကျောက်ဆည်မြို့နယ်တွင် (၄)ဦး၊ စဉ့်ကိုင်မြို့နယ်တွင် (၆) ဦး၊ တံတားဦးမြို့နယ်တွင် (၇) ဦး၊ မြစ်သားမြို့နယ်တွင် (၅) ဦးရှိရာ စုစုပေါင်း ကျောက်ဆည်ခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၇၃) ဦးရှိကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကျောက်ဆည်မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီပေါင်း (၇) ပါတီနှင့် တစ်သီးပုဂ္ဂလ (၁) ဦး၊ စဉ့်ကိုင်မြို့နယ်တွင် (၇) ပါတီ၊ တံတားဦးမြို့နယ်တွင် (၈) ပါတီ၊ မြစ်သားမြို့နယ်တွင် (၆) ပါတီရှိကြောင်း သိရသည်။
တင်တင်ထွေး (ခရိုင်ပြန်/ဆက်)