ဒဂုံ(အရှေ့) သြဂုတ် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးသွားသော လမ်းများ တွင် ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေ ချောမွေ့စေရန် ပြန်လည်ပြင်ဆင်လျက်ရှိကြောင်းနှင့် ဟံသာဝတီလမ်း လမ်းခင်းရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား ၂၀၁၉-၂၀၂၀ စည်ပင်သာယာဘတ်ဂျက်ဖြင့် အမှတ်(၁၂၄) ရပ်ကွက်၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်နေ ပြည်သူများ နွေမိုးဆောင်း သုံးရာသီစလုံး သွားလာ ရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ပျက်စီးသွားသောလမ်းများ ပြင်ဆင်ခြင်းနှင့် ဟံသာဝတီလမ်း လမ်းခင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)