တံတားဦးမြို့နယ်၊ နွားခြံကြီးကုန်းကျေးရွာအုပ်စု၊ ရွာသာအေးကျေရွာတွင် သောက်သုံးရေရှိရေး စက်ရေတွင်းတူးဖော်ဆောင်ရွက်

တံတားဦး ဩဂုတ်  ၂၁

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ နွားခြံကြီးကုန်းကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတွင် သန့်ရှင်းသောသောက်သုံး ရေရရှိရေးရည်ရွယ်ချက်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေဂါလံ (၅၀၀၀ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ  သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက််  ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးသည့်အပြင် ကျေးရွာချင်းဆက်လမ်းများ ကုန်ထုတ်လမ်းများ ကျေးရွာတွင်းလမ်းများ၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုတူးဖော်ပေးသည့် ရွာသာအေးကျေးရွာစက်ရေတွင်းသည်  လက်မတွင်း ရေဂါလံ (၂၀၀၀ဆံ့ အလျား (၁၀ပေ အနံ (ပေ၊ အမြင့် (ပေရှိ ရေကန်တွင် ရေစက်ရုံတစ်ရုံမှ ၂ လက်မ PVC ရေပိုက်အရှည် (၃၀၅၈ပေအား သွယ်တန်းခြင်းများပါဝင်ပါကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးပါက ရွာသာယာအေးကျေးရွာရှိ ပြည်သူများအနေဖြင့် သောက်သုံရေဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်ကျငွေအားဖြင့် ငွေကျပ်သန်းပေါင်း (၁၇ ဒသမ ၆၄၄ဖြစ်ကြောင်း၊ တံတားဦးမြို့နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း (ရွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စက်ရေတွင်းတူးဖော်ပြီးစီးမှုနှင့်ပတ်သက်ပြီး ကျေးရွာရေပေးဝေရေးကော်မတီများနှင့်တွေ့ဆုံကာ ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျလုပ်ငန်းလည်ပတ်ရေး ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၏ ပြောကြားချက်အရ သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)